Safety 700 Series
မာကြောတောင့်တင်းသော ယာဉ်ခေါင်းခန်း
ယာဉ်ခေါင်းခန်းကို ပွတ်တိုက်မှုဘေးကင်းရေးအချက်များနှင့်အညီ ဖွဲ့စည်းတည်ဆောက်ထားသည်။ (ဥပမာ - ကြမ်းခင်းဘောင်၊ တံခါးအတွင်းရှိ ဘောင်တန်းများ)

ABS စနစ်
ဘရိတ်သုံးစဉ် အန္တရာယ်ကင်းစေရန် ကူညီပေးသည်။
လမ်းချောသည့် နေရာများတွင် ဘရိတ်အုပ်သည့်အခါ ဘီးများ လော့ခ်ကျခြင်းကို ကာကွယ်ပေးသည်။ စတီယာရင်ဘီးလုပ်ဆောင်ချက်များမှ ကြုံတွေ့နိုင်သည့် အန္တရာယ်များကို ရှောင်ရှားရန် ပံ့ပိုးပေးပါသည်။

ရှေ့မီးများ
ညအခါတွင် အမြင်အာရုံပိုကောင်းစေသည်။
ရှေ့မီးများက ယာဉ်အရှေ့ဧရိယာကို တောက်ပစွာလင်းထိန်စေပြီး လမ်းတစ်လျှောက်ရှိ လမ်းသွားလမ်းလာများ နှင့် လမ်းပေါ်ရှိအတားအဆီးများကို သိရှိစေနိုင်ပါသည်။

မီတာဒိုင်ခွက်
မီတာဒိုင်ခွက်ကို မြင်နိုင်စွမ်းကောင်းမွန်ခြင်းသည်လည်း အန္တရာယ်ကင်းသော မောင်းနှင်မှုကို ဖန်တီးပေးသည်။

ယာဉ်မောင်းအထောက်အပံ့များ
နာရီကြာမြင့်စွာမောင်းနှင်ရာတွင် ယာဉ်မောင်း၏ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချနိုင်သည့် Cruise Control ၊ ဆီစားသက်သာစွာမောင်းနှင်နိုင်စေမည့် Eco Run ကဲ့သို့သော ယာဉ်မောင်းအထောက်အပံ့များတပ်ဆင်ထားပါသည်။
