Skip to main content

Safety 500 Series

ဘေးကင်းလုံခြုံမှု

ဘေးကင်းလုံခြုံမှုကကျွန်ုပ်တို့ရဲ့ ပထမဦးစားပေး ဖြစ်ပါတယ်။

RESIN BUMPER

BUMPER နှင့် အားဖြည့်လုပ်ဆောင်မှု

Resin Bumper အတွင်းပိုင်းသို့ Bumper အားဖြည့်မှုလုပ်ဆောင်ခြင်းက သတ္တု Bumper နှင့် တောင့်တင်းမှု၊ မာကြောမှုရှိပုံချင်း တူညီစေပါသည်။

Beam များက တံခါးအဖွင့်တွင် ပုံပျက်ခြင်းဖြစ်ပေါ်မှုကို လျှော့ချပေးပါသည်။

Side Door Beam

Beam များကို ဘေးဘယ်၊ညာ တံခါးများအတွင်းတွင် ထည့်သွင်းထားသဖြင့် မတော်တဆတိုက်မိမှု ရှိသည့်အခါတွင် တံခါးအဖွင့်ပုံပျက်ခြင်းကို လျှော့ချပေးကာ စီးနင်းသူများကို ကာကွယ်ပေးပါသည်။

ပုံစံအသစ်: ခန္ဓာကိုယ်ကို လုံခြုံစွာ ထိန်းပေးထားသည့် ခလုပ် ၃ ခုပါ ခါးပတ်

ELR (Emergency Locking Retractor) ပါသည့် ခါးပတ်

ELR သည် ယာဉ်တိုက်မှုဖြစ်ပွားခဲ့လျှင် ခါးပတ်ကို လော့ချပေးခြင်းဖြင့် စီးနင်းသူများကို နေရာမရွေ့အောင် ထိန်းပေးပါသည်။

ထိုင်ခုံနှင့် တွဲထားသည့် တွယ်ဆက်ကိရိယာသည် သာမန်အခြေအနေတွင် ခါးပတ်ပတ်လျက် စီးနင်းလိုက်ပါလာပါက တင်းကြပ်သည့် ခံစားမှုကို လျှော့ချပေးပါသည်။ ထို့အပြင် ထိုင်ခုံခါးပတ်တွင်တပ်ဆင်ထားသည့် ကိရိယာအသစ်ကလည်း ထိုင်ခုံအနေအထားမည်သို့ပင်ရှိပါစေ သင့်လျော်သည့် အနေအထားကို ထိန်းသိမ်းပေးပါသည်။